International News

ကိုရီးယားသမ္မတနိုင်ငံ စားသောက်ကုန်ကဏ္ဍလေ့လာရေးခရီးစဉ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စားသောက် ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များပါဝင်သောအဖွဲ့ဝင် (၁၂) ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့သို့ စားသောက်ကုန်ကဏ္ဍလေ့လာရေးခရီးစဉ် သွားရောက်လျက်ရှိကြောင်း သိရှိရပါသည်။

ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ၊ Jeonju ရှိ ကိုရီးယားစားသောက်ကုန်သုတေသနဌာန (Korea Food Research Institute) တွင် စားသောက်ကုန်ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများဆွေးနွေးဖလှယ်ကြမည်ဖြစ်သည်။ Jeju မြို့ရှိ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံများသို့လည်း သွားရောက်လေ့လာကြမည့်အပြင် Hazard Analysis and Critical Control Point (HACCP) Plan Development Workshop နှင့် ကိုရီးယားစားသောက်ကုန် ထုတ်လုပ်သည့် ကျွမ်းကျင်ပညာရှင်များက Consultation meeting များကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

TD (NPT)

Category: International News